Main menu

နတ်စောင့်ကျေးရွာမှတောင်သူများငရုတ်(ဆောင်း)စိုက်ပျိုးထားရှိမှု အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

              တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး စားဖိုဆောင်အုပ်စုဝင် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ တောင်သာမြို့နယ် ၏ ငရုတ်ဆောင်းစိုက်ဧက (၆၆၀) ဧက စိုက်ပျိုးထားရှိကြောင်း၊ တောင်သာမြို့နယ်ရှိ စိုက်ပျိုးထားရှိသော ကျေးရွာများမှာ  မကြီးချိုရွာ၊ ဆည်ကုန်းရွာ၊ ရွှေစည်ကြီးရွာ၊ နတ်စောင့်ရွာ၊ မာလာရွာ၊ ကြာပို့ရွာနှင့် ကြီးပင်တဲရွာ တို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လကုန်၌ ဆောင်းငရုတ်များခူးဆွတ်ပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ အထွက်နှုန်းကောင်းပြီး အကြမ်းခံသော သာမိုမျိုး၊ အာစတာ မျိုး၊ ဒီမွန်နှင့်(၆၉၂) မျိုးများများကို မြေဘောင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ (၁)ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအာစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၇) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် (၁၅၀) ပိဿာခန့် ထွက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ ဧပြီလစတုတ္ထပတ်၌ ငရုတ်သီးအညှာပါ အခြောက်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင် (၂၁၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊  ငရုတ်သီး အစိုဓါတ်များ ပါက ဈေးနှုန်းအနည်းငယ်ကွာခြားကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၀) သိန်းကျပ်ခန့် ရရှိကြောင်း၊ နတ်စောင့်ကျေးရွာမှ တောင်သူများမှာ ငရုတ်(ဆောင်း) စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်သီးများထွက်ပေါ်ချိန်တွင် တောင်သာ မြို့ပေါ်ရှိပွဲရုံများသို့ တောင်သူများကိုယ်တိုင် လာရောက်ချကြကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး မြို့နှင့် ရန်ကုန်မြို့ရှိဘုရင့်နောင်ပွဲရုံများ သို့တင်ပို့ရောင်းချလျက်ရှိကြောင်း ငရုတ်ပွဲရုံများမှ သိရှိ ရသည်။  

DOCA(မန္တလေး)