Main menu

စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများရောင်းချသည့် လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေး ရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊မေလ ၅ ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မြရေစင်ကန်လမ်း၊ မြို့ဟောင်းရပ်ကွက်ရှိ တောင်သူ့တံတားကုမ္ပဏီ စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုများရောင်းချသည့် လုပ်ငန်းသို့မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ခရိုင်ဦးစီးမှူးဦးမြင့်နိုင်က Onlineစနစ်ဖြင့် ရောင်းချနေသော  တောင်သူ့တံတားကုမ္ပဏီ စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုများ ရောင်းချသည့်လုပ်ငန်းသို့ လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ်ငန်းအမှန်တကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်အမျိုးအစားအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင် ဦးသန်းကျော်ဆင့်နှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်း၊ လုပ်ငန်းရှင်တင်သွင်းလာသော ကုန်ပစ္စည်းများ အား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)