
အမေရိကန်နိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးသည် အမေရိကန်စီးပွားရေးဦးစီးဌာန၊ SelectUSA programme တို့နှင့် ပူးပေါင်းကာ “Connect with Vietnam/SelectUSA 2026” အခမ်းအနားကို မေလ ၄ ရက် ညပိုင်းတွင် ဝါရှင်တန်ဒီစီ၌ ကျင်းပခဲ့ရာ အစိုးရဌာနများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ် ၁၄၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ Nguyen Quoc Dung က SelectUSA သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အမေရိကန်၏ စီးပွားရေး ဝန်းကျင်ကို လေ့လာဝင်ရောက်နိုင်စေသည့် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် Vietnam နှင့် United States တို့အကြား ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ပိုမို နက်ရှိုင်းလာနေသည့်အချိန်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်ပူးပေါင်းမှုကို လည်း တိုးမြှင့်ပေးနေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ဝါရှင်တန်ဒီစီ၌ ယခုနှစ်ကျင်းပသည့် SelectUSA ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နည်းပညာကဏ္ဍများမှ ကုမ္ပဏီများက အမေရိကန်ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်၊ လုပ်ငန်းတည်ထောင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များနှင့် ပိုမိုချိတ်ဆက်နိုင်ရန် စိတ်ဝင်စားမှုမြင့်မားကြောင်း ပြသခဲ့ကြသည်ဟု သိရပါသည်။ အဆိုပါပွဲသည် အမေရိကန်ကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ပြည်နယ်အဆင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့များ၏ အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် ဝါရှင်တန်ဒီစီတွင် နိုင်ငံအများအပြားနှင့် အမေရိကန်ပြည်နယ်များက တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း အမေရိကန်ဘက်မှ တက်ရောက် မှုများပြားခဲ့ခြင်းက ဒေသတွင်းစီးပွားရေးလုပ်ငန်းများအကြား ဗီယက်နမ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည်ကို အလေးပေးပြသနေကြောင်း သိရပါသည်။ တက်ရောက်သူများ၏ ကနဦး တုံ့ပြန်ချက်များအရ အခမ်းအနား၏ အရည်အသွေး၊ ဆွေးနွေးချက်များ၏ သက်ဆိုင်မှုနှင့် လက်တွေ့အသုံးဝင်မှုတို့ကို ချီးကျူးပြောဆိုခဲ့ကြပြီး အတွေ့အကြုံရှိသော ဟောပြောသူများက လည်း ဗီယက်နမ်လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီသည့် အမြင်များကို မျှဝေခဲ့ကြောင်း သိရပါသည်။ အဆိုပါအခမ်းအနားသည် နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရာတွင် ဗီယက်နမ်သံရုံး၏ အရေးပါသော ပေါင်းကူးတံတားအဖြစ် ဆက်လက်ပါဝင်နေမှုကို ထပ်မံအတည်ပြုခဲ့ပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရန်လည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါသည်။ TVD Capital Partners ၏ တည်ထောင်သူနှင့် မန်နေဂျင်းပါတနာ Tuyen Do က ယခုအခမ်းအနားသည် ဗီယက်နမ်လုပ်ငန်းများအတွက် လုပ်ငန်းအရွယ်အစားတိုးချဲ့ရန်၊ ယုံကြည်မှုတည်ဆောက်ရန်နှင့် အကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ယုံကြည်စိတ်ချစွာချိတ်ဆက်ဆောင်ရွက်နိုင်ရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Ice Miller ဥပဒေရုံး၏ Vietnam Desk အကြီးအကဲ Mai Phan Zymaris က ဗီယက်နမ်စီးပွားရေးလုပ်ငန်းများတွင် အရင်းအနှီးနှင့် ပြည်တွင်းအတွေ့အကြုံများရှိနေသော်လည်း အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရာတွင် မဟာဗျူဟာကို သေချာစဉ်းစားရန်၊ သင့်လျော်သည့်ဒေသခံမိတ်ဖက်များကိုရွေးချယ်ရန်နှင့် အမေရိကန် ဘဏ္ဍာငွေရင်းမြစ်များ ရရှိနိုင်ရန် လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
