![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_6.jpg?itok=2j5McMOf)
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်၌ ကွင်းကောက်မြို့ရှိ “စိန်သုံးလုံး” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၎င်းစက်သုံးဆီဆိုင်တွင် စက်သုံးဆီယာဉ်များဖြင့် ပုံမှန်ဝင်ရောက်လျက်ရှိခြင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနေကြောင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)