
မြင်းခြံမြို့သည် မြန်မာနိူင်ငံအလယ်ပိုင်းတွင် တည်ရှိပြီးမိုးနည်းရပ်ဝန်းဒေသ ဖြစ်သော် လည်းဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိ၍ ဆည်မြောင်းများအသင့်အတင့်ရှိပြီး၊ မိုးကောင်းသောက် လယ်ယာမြေများတွင် ရာသီအလိုက်သီးနှံများဖြစ်သော ပဲစဉ်းငုံ ၊ကုလားပဲ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းနှင့် ကြက်သွန်နီသီးနှံများ စိုက်ပျိုးကြပါသည်။ မြင်းခြံမြို့ခရိုင်တွင် ကြက်သွန်နီကို နှစ်ရာသီ စိုက်ပျိုးထားရှိပြီး ဆောင်းကြက်သွန်နီကိုအများဆုံးစိုက်ပျိုးကြသည်။ ယခုအချိန်တွင် မိုးကြက်သွန်နီများ ရာသီကုန်၍ ဈေးကွက်မှ ထွက်ခွာချိန်တွင် ဆောင်းကြက်သွန်နီများ မတ်လ ဒုတိယပတ်အတွင်း စတင်ရိပ်သိမ်းကာ ဧပြီလပထမပတ်မှစ၍ ဈေးကွက်အတွင်း လှိုင်လှိုင်ထွက် ပေါ်ခဲ့သည်။ ၂၀၂၆ခုနှစ် ၊ မေလ ဒုတိယပတ်၌ ဆောင်းကြက်သွန်နီ (ခေါ်) နွေကြက်သွန်နီကြီးစ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၉၀၀) ကျပ်၊ အသေးစ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ(၁၂၀၀) ကျပ်နှုန်းများဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီအစစုံတစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၇၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မိုးကြက်သွန်နီများကုန်ဆုံးချိန်ဖြစ်၍ နွေကြက်သွန်နီများသည် အရည်အသွေးကောင်းပြီးတာရှည်ခံသဖြင့် သိုလှောင်ခံသောကြောင့် ဝယ်လိုအားများသဖြင့် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ နေ့စဉ်ကုန်ချိန် ပိဿာ(၅၀၀၀၀)မှ (၇၀၀၀၀)ပိဿာခန့်ကို မြို့ပေါ်ရှိ ပွဲရုံများသို့လာရောက် ရောင်းချလေ့ရှိသည်။ ကြက်သွန်နီ အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိသည်။ အဓိကဈေးကွက် အနေဖြင့် ရန်ကုန်ဘုရင့်နောင်ရှိပွဲရုံ များသို့ အများဆုံးတင်ပို့ပြီး၊ မန္တလေးမြို့၊ နေပြည်တော်၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့ များသို့ အပါတ်စဉ်တင်ပို့ လျှက်ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကုန်ချိန်ပိဿာ(၂၉၁၄၉၇)ပိဿာ၊ တန်ချိန်အားဖြင့် (၄၇၆)တန် တင်ပို့ရောင်းချ ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နွေကြက်သွန်နီ ကုန်ချိန်ပိဿာ (၂၃၈၈၃)၊ တန်ချိန်(၃၉)တန်ပိုမိုတင်ပို့ခဲ့သည်။
DOCA(မန္တလေး)
