
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန် ရမည်းသင်းမြို့နယ်ရှိ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ထုတ်ယူ အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးစန်းအောင်မှ စက်မှုလုပ်ငန်းသုံးစားအုန်း ဆီ ထုတ်ယူသုံးစွဲသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းအတွက် အမှန်တကယ်ဆီလိုအပ်ချက် ပမာဏကိုသာ တင်ပြလျှောက်ထားရန်၊ ခွဲဝေရရှိသောဆီများကိုလည်း မိမိတို့၏ လုပ်ငန်းအတွက်သာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ပြင်ပသို့တစ်ဆင့်ပြန်ရောင်းချ၍ မရကြောင်း၊ ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်း စစ်ဆေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
