Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၇-၅-၂၀၂၆ ရက်နေ့ နံနက်(၁၁:၃၀)နာရီ အချိန်တွင်Young @ Stylish” အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

               ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံ တင်မရှိဘဲ‌ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထို့အပြင် အွန်လိုင်း ရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https://www.ecomreg. gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက် အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာမှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင်လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်(Pdf File) စသည့်အထောက်အထား များအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍ တင်ပြလျှောက်ထားရမည် ဖြစ်ကြောင်းနှင့် မိမိလျှောက်ထား သည့် ပစ္စည်းအမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)