Main menu

ကျွန်းလှမြို့နယ်တွင် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အသိပညာဟောပြောပွဲဆောင်ရွက်

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဒေါ်ဝေဝေအောင်နှင့် ဝန်ထမ်းတစ်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင် တာဝန်ခံက စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကိုသိရှိပြီး တောင်းဆိုရယူနိုင်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)အချက်အား ဟောပြောဆွေးနွေးခဲ့ကြောင်း၊ စားသုံးအခွင့်အရေးနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူရေးရာကိစ္စနှင့်ပတ်သက်၍ သိရှိမေးမြန်းလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)