
ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမလေးလတွင် တန်ချိန် ၄၆၀၀၀၀ ကို ကျော်လွန်ခဲ့ရာ ယခင်နှစ် အလားတူကာလ၌ တင်ပို့ခဲ့သော တန်ချိန် ၂၈၀၀၀၀ ထက် ၆၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်က မေလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ကမ္ဘောဒီးယား၏ ကြိတ်ခွဲပြီးဆန် တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၂၆၆ သန်းခန့်ရှိပြီး ယခင်နှစ်ကာလတူ တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၀၉ သန်းအပေါ် ၂၇ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြည်ပသို့ဆန်တင်ပို့မှုကို ကုမ္ပဏီပေါင်း ၄၈ ခုက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံနှင့်နယ်မြေဒေသပေါင်း ၆၀ သို့ တင်ပို့ခဲ့ရာတွင် အာဆီယံနိုင်ငံများ၊ တရုတ်နိုင်ငံနှင့် ဥရောပ သမဂ္ဂတို့သည် ကမ္ဘောဒီးယားဆန်ကို အဓိကဝယ်ယူတင်သွင်းသူများဖြစ်သည်ဟု အဆိုပါ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Source: Khmer Times, May 6, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
