မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနှင့် ၇၈ လမ်းထောင့်ရှိ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)အစည်းအဝေးခန်းမ ၌ ၂၀၂၆ ခုနှစ်မေလ ၁၇ ရက်နေ့တွင် ကျင်းပသော ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးထွန်းအုံတက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါသင်တန်းဖွင့်ပွဲသို့ မန္တလေး တိုင်းဒေသကြီး၊စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်နှင့် ဌာဆိုင်ရာများ၊မန္တလေးတိုင်း ဒေသကြီး ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအမှုဆောင်များနှင့်အသင်းဝင်များတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ ၁၈.၅.၂၀၂၆ ရက်နေ့မှ ၂၀.၅.၂၀၂၆ ရက်နေ့အထိ နေ့စဉ် နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၃၀)နာရီအချိန်ထိ သင်ကြားပို့ချကြောင်းသိရှိရပါသည်။အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံမှ အမှာစကားပြောကြားရာ ယခုသင်တန်းမှ ပို့ချပေးသည့် ပို့ကုန်သွင်းကုန်ပညာရပ်များကို လက်တွေ့ဆောင်ရွက်ရာတွင် ပြန်လည်အသုံးချဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံတကာမှ မည်သည့် ထုတ်ကုန်ပစ္စည်းများ ကြိုက်နှစ်သက်သည်ကို စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သင်တန်းတက်ရောက်သူ(၈၅)ဦးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
