Main menu

ကလေးမြို့ပေါ်တွင် Mevius Original Blue အမှတ်တံဆိပ်ကို ရည်ညွန်း၍ ထုတ်ကုန်အတုများ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်တွင် ( ၁၅..၂၀၂၆ ) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံဖြန့်ချိရေးဆိုင်များ၊ စတိုးဆိုင်များနှင့် Liquor ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆေးလိပ်အတုထုတ်ကုန်များ တိုးပွားလာနေပြီး ၎င်း၏ ထုတ်ကုန်တစ်ခုဖြစ်သော " Mevius Original Blue " အမှတ်တံဆိပ် ထုတ်ကုန်အတုများအနေဖြင့် အစိုးရအခွန်တံဆိပ်အတုအသုံးပြု၍ ရောင်းချမှုရှိ/ မရှိ၊ ကွင်းဆင်းစစ်ဆေး၍ရောင်းချခြင်းရှိပါက သက်ဆိုင်ရာဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်လုပ်သော ထုတ်ကုန်များအပေါ် သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များပါရှိရေး မိမိဝယ်ယူရောင်းချသော ကုန်ပစ္စည်းအပေါ် အာမခံချက်ရှိစေရေးနှင့် ကုန်အညွှန်အမှတ်သားများ ပြည့်စုံစွာပါဝင်စေရေးတို့ကို အသိပညာပေးခြင်း လက်ကမ်းစာဆောင်များအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)