
(၁၅.၅.၂၀၂၆ )ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးသည် ဓနုဖြူမြို့ပေါ်စတိုးဆိုင်များတွင် Myanmar Japan Tobacco Co.Ltdမှ ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတု အသုံးပြုထားခြင်း ရှိ/မရှိအား ပူးပေါင်းမိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အခွန်များဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော Myanmar Japan Tobacco Co.Ltdမှ ထုတ်လုပ်သော တရားဝင်ဆေးလိပ်များကိုသာရောင်းချနေပြီး မူလလက်ဟောင်းကုန်စည်နှင့် လက်သစ်ဆေးလိပ်ဗူးများကို ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ၎င်း ကုန်စည်များသည် အခွန်တံဆိပ်ခေါင်းများအား ပြည်တွင်းအခွန်ဦးစီးဌာနမှ QR Code မှန်ကန်ကြောင်းနှင့် ပုသိမ်ကုမ္ပဏီကိုယ်စားလှယ်ကားဖြင့် လာရောက်ပို့ဆောင် ဖြန့်ဖြူးကြောင်းသိရပြီး ရောင်းချသောဆိုင်ရှင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်အမှတ်အသားဖော်ပြချက်များနှင့် သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်သည် တရားဝင်ကုန်စည်များကိုသာရောင်းချရန်၊ ဈေးကွက်အတွင်း ကုန်စည်အတုများ ရောင်းချကြောင်းတွေ့ရှိပါက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့သည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)
