Main menu

ဒေသထွက် “ခရမ်းချဉ်သီး”အကြောင်း

Powered by Drupal

          ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လောပိတ၊ မိုက်ကန်းကျေးရွာနှင့်မှုံပြာကျေးရွာများတွင် ခရမ်း ချဉ်သီးကိုအများဆုံးစိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးစိုက်ပျိုးမှုသည် ဒေသခံများအတွက်အရေးပါသော စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သည်။ ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် ပျိုးထောင်ပြီးမှ စိုက်ခင်းသို့ပြောင်း ရွှေ့စိုက်ပျိုးသည့် နည်းလမ်းကိုအသုံးများကြသည်။ သဘာဝမြေဩဇာအဖြစ် နွားချေးကို အသုံးပြုကြ သည်။ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် ရေစီးရေလာကောင်းသော မြေကိုရွေးချယ်ခြင်းနှင့်  နေရောင် ကောင်းစွာ ရရှိသောနေရာများကိုရွေးချယ် စိုက်ပျိုးကြသည်။ မျိုးစေ့ပျိုးထောင်ရာတွင်မျိုးစေ့ကို ပျိုးခင်း ၌အရင်ပျိုးပြီး ၂ပတ်မှ၄ပတ်ခန့်ရှိ အရွက်(၄-၅)ရွက်ထွက်လာပါက  စိုက်ခင်းသို့ပြောင်း လဲစိုက်ပျိုးပြီး ရေမများ လွန်းစေရန် ဂရုပြုစိုက်ပျိုးရပါသည်။ စိုက်ပျိုးရာတွင်တန်းကြား ၃ပေခန့်၊ ပင်ကြား ၁.၅ပေ မှ၂ပေခန့် ထား၍စိုက်ပျိုးကာ ရေမှန်မှန်လောင်း ပေးရန်လိုအပ်သည်။ခရမ်းချဉ်ပင် ကြီးလာသောအခါ ဝါးတိုင် (သို့မဟုတ်) ကြိုးဖြင့်ထောက်ကာ  မြေပြင်နှင့်မထိစေရန် ကာကွယ်ပေးခြင်းဖြင့် အသီးပုပ်ခြင်း လျော့နည်းစေပါသည်။ ထို့ပြင်ပေါင်းမြက်ရှင်းလင်းခြင်း၊ ရေမဝပ်စေရန် ဂရုစိုက်ခြင်း များအပြင်လိုအပ် ပါက သဘာဝပိုးသတ်ဆေး (သို့မဟုတ်) စိုက်ပျိုးရေး ဆို်ငရာဆေးများကိုအသုံး ပြုနိုင်ပါသည်။ စိုက်ပျိုး ပြီး၂လမှ၃လအတွင်း အနီရောင်ပြောင်း လာချိန်တွင်ခူးယူရောင်းချနိုင်ပါသည်။ ခရမ်းချဉ်သီးသည် ဒေသခံမိသားစုများ၏ ဝင်ငွေတိုးတက်ရေးအတွက်အရေး ပါသောသီးနှံတစ်မျိုး ဖြစ်သည်။ ကယား ပြည်နယ်သည် ရှမ်းပြည်နယ်နှင့်ထိစပ်နေပြီး ရာသီဥတုဆင်တူ သဖြင့်ခရမ်းချဉ်သီး စိုက်ပျိုးရန် သင့်တော်သော အခြေအနေရှိသည်။ ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် တစ်ဧကလျှင် စတင်ပျိုးထောင် ချိန်မှစ၍ သီးနှံဆွတ်ခူးချိန်အထိ ကုန်ကျစရိတ်များကို တွက်ချက်ရာတွင် စုစုပေါင်း ကုန်ကျစရိတ်မှာ ၁၅သိန်းမှသိန်း၂၀ထိရှိသည်။ တစ်ဧကလျှင်ပိသာ ၂၀၀၀မှ၃၅၀၀ခန့်ထိ ရှိသည်။ စိုက်ပျိုး ပြီးနောက် ထွက်ရှိသော ခရမ်းချဉ်သီးများကို သီရိမင်္ဂလာဈေး၊ဒေသတွင်းဈေးများတွင် ရောင်းချကြသည်။ မေလ အတွင်း အရည်အသွေးကောင်းသော ခရမ်းချဉ်သီးတစ်ပိဿာလျှင် ခန့်မှန်းအားဖြင့် (၂၅၀၀)ကျပ်မှ (၅၀၀၀) ကျပ်အတွင်းအရောင်းအဝယ်ရှိကြောင်း ကုန်စိမ်းသည်(၁)ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)