Main menu

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်  Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်ထုတ်ကုန် အတုအပများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍(၁၅..၂၀၂)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်ထုတ်ကုန် အတုအပများရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ မော်ကျွန်းမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ  စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့် စီးပွားရေး လုပ်ငန်းရှင်မ ဆို ပုဒ်မ-၄၁ ပုဒ်မခွဲ()နှင့် ()တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသောကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီလိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့်  ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ    စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)