Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ၊ ဗနဗလ ဆန်စက်သို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၈.၅.၂၀၂၆)ရက် နေ့လယ်(၁၃း၀၀)နာရီအချိန်တွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အိမ်မဲမြို့ တကောကျေးရွာ ဓနဗလဆန်စက်သို့ သွားရောက်၍ ဆန်/စပါး၊ ဈေးကွက်အခြေအနေ စီးဝင်/စီးထွက် အခြေအနေများအား ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံသည် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသောဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ စီးဝင်/စီးထွက်အခြေအနေများ မေးမြန်းစုံစမ်းခဲ့ပါသည်။ ထို့နောက်ဆန်စက်လည်ပတ်မှုအခြေအနေနှင့် မီးဘေးလုံခြုံရေးစနစ်တကျထားရှိမှုများ၊ ဆန်/စပါးများ သိုလှောင်ထားရှိမှုစနစ်တကျရှိစေရေး၊ တောင်သူများထံမှ စပါးများဝယ်ယူရာတွင်လည်း ဈေးနှုန်း၊ အလေးတင်း၊ တောင်း၊ အချိန်အတွယ်မှန်ကန်စွာ ဝယ်ယူနိုင်ရေး မလိုလားအပ်သော ပြသနာများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန်  MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်ပိုင်၊ ကုန်သည်၊ တောင်သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးတိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)