
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဟိုချီမင်းမြို့၌ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်း၍ ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် လတ်ဆတ်သော ဂရိတ်ဖရုသီးနှင့် သံပရိုသီးများအတွက် အပင်ပိုးမွှားကာကွယ်ရေး လိုအပ်ချက် များဆိုင်ရာ ပရိုတိုကောအား ကြေညာသည့် ညီလာခံကို ကျင်းပခဲ့သည်။
အဆိုပါညီလာခံသည် ပရိုတိုကော၏ နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့် စည်းမျဉ်း များကို ဖြန့်ဝေရန်၊ တင်သွင်းမှုလိုအပ်ချက်များနှင့် ကိုက်ညီသော စိုက်ပျိုးဧရိယာများနှင့် ထုပ်ပိုး ခြင်းဆိုင်ရာ စက်ရုံများ တည်ထောင်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများကို လမ်းညွှန်ရန်၊ အပင်ပိုး မွှားများကို ထိန်းချုပ်ရေးအား ညွှန်ကြားရန်နှင့် တရုတ်နိုင်ငံ၏ စည်းမျဉ်းများနှင့်အညီ မှတ်တမ်း နှင့် စာရွက်စာတမ်းများ ပြည့်စုံစေရေးတို့အတွက် ရည်ရွယ်ကြောင်း သိရှိရသည်။
အထူးသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့သော ဂရိတ်ဖရုသီးနှင့် သံပရိုသီး စိုက်ပျိုးဧရိယာများ နှင့် ထုပ်ပိုးရေးစက်ရုံများအားလုံးသည် တင်ပို့မှု မစတင်မီ စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနသို့ သီးနှံထုတ်လုပ်ရေးနှင့် အပင်ကာကွယ်ရေး ဦးစီးဌာနမှ တစ်ဆင့် မှတ်ပုံတင်ရမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာ ပိုင်အဖွဲ့ (GACC)၏ ခွင့်ပြု ချက်ကို ရယူရမည်ဖြစ်သည်။
နည်းပညာဆိုင်ရာ လိုအပ်ချက်များတွင် မှတ်ပုံတင်ထားသော စိုက်ပျိုးဧရိယာများ၊ ခွင့်ပြု ထားသော ထုပ်ပိုးရေးစက်ရုံများ၊ တင်သွင်းမှုစံနှုန်းများနှင့် ကိုက်ညီရန် တင်းကျပ်သော ပိုးမွှား ထိန်းချုပ်ရေး အစီအမံများ ပါဝင်ကြောင်း၊ ပို့ကုန်စိုက်ပျိုးဧရိယာများသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သို့မဟုတ် အဆိုပါ အလေ့အကျင့်ကောင်းများနှင့် ညီမျှသော စံနှုန်းများကို ကျင့်သုံးရန်၊ ပေါင်းစပ်ဖျက်ပိုးစီမံခန့်ခွဲမှု (IPM) ကို အကောင်အထည်ဖော်ရန်နှင့် တရုတ်နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ ပိုးမွှားများကို စောင့်ကြည့်ထိန်းချုပ်သည့် အစီအမံများကို အပြည့်အဝ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။
ဂရိတ်ဖရုသီးနှင့် သံပရိုသီးတို့သည် ဗီယက်နမ်အတွက် အကျိုးအမြတ်ရှိသော စိုက်ပျိုးရေး ထွက်ကုန်များထဲတွင် ပါဝင်ကြောင်း၊ အထူးသဖြင့် ဂရိတ်ဖရုသီးထုတ်လုပ်မှုအတွက် ဗီယက်နမ် သည် ကမ္ဘာ့ထိပ်တန်း ထုတ်လုပ်သူများထဲမှ တစ်နိုင်ငံဖြစ်ပြီး စိုက်ဧက ၁၀၆,၀၀၀ ခန့်ရှိကာ အထွက်နှုန်းအလားအလာ တန်ချိန် ၁ သန်းကျော်ရှိကာ အကြီးစားထုတ်လုပ်သည့် ဇုန်များတွင် စုစည်းထားကြောင်း၊ သို့သော်လည်း အဆိုပါအသီးများကို ပြည်တွင်း၌သာ အဓိက စားသုံးနေဆဲ ဖြစ်ပြီး တည်ငြိမ်သော အကြီးစားတင်ပို့မှုစနစ်ကို မတည်ဆောက်နိုင်သေးကြောင်း သိရှိရသည်။
ယနေ့အထိ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်လုပ် ငန်း ထွက်ကုန်များ တင်ပို့မှုနှင့် ပတ်သက်၍ သဘောတူညီချက်နှင့် ပရိုတိုကောပေါင်း ၂၀ ကျော် လက်မှတ်ရေးထိုးပြီးဖြစ်ကာ သစ်သီးတစ်မျိုးတည်းအတွက်ပင် အဆိုပါ ပရိုတိုကောများအောက် တွင် တရားဝင်တင်ပို့သည့် အမျိုးအစား ၁၀ ခုခန့်ရှိသည်။
Source: SGGP English Edition, May 14, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
