
ကမ္ဘာ့စားအုန်းဆီ ဝယ်လိုအားလျော့ကျလာမှု၊ ဈေးနှုန်းကျဆင်းမှုနှင့် ဈေးကွက် အတွင်း ရင်းဂစ်ပိုမို အားကောင်းလာမှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ ကျဆင်းခဲ့ ကြောင်း Chem Analyst သတင်းဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဖော်ပြထားပါသည်။
စားအုန်းဆီ အဓိက တင်သွင်းနိုင်ငံများ(တရုတ်၊ အိန္ဒိယ)၏ ဝယ်လိုအား လျော့ကျလာမှု ကြောင့် ဈေးနှုန်းအကျဘက်သို့ ဆက်လက်ဦးတည်နေကြောင်း၊ ကုန်သည်များအနေဖြင့် စားသုံးဆီ အချင်းချင်း ဈေးနှုန်းယှဉ်ပြိုင်မှု၊ ရေနံဈေးနှုန်းနှင့် နိုင်ငံခြားငွေ ငွေလဲနှုန်း အတက် အကျတို့အပေါ် စောင့်ကြည့်လျက်ရှိကြောင်း၊ အဆိုပါအခြေအနေက စားအုန်းဆီကုန်သွယ်မှုကို နှေးကွေးစေလျက် ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် သင်္ဘောတင်ပို့ဆောင်ရမည့် စားအုန်းဆီအရောင်းအဝယ်ဈေး နှုန်း (တင်ပို့နိုင်ငံ၏ ဆိပ်ကမ်းအရောက်ဈေးနှုန်း-FOB Price) သည် ဘာဆာမလေးရှား ကုန်စည် ဒိုင်၌ တစ်တန်လျှင် ရင်းဂစ် ၄၄၁၉ (အမေရိကန်ဒေါ်လာ ၁၁၂၅.၈၆) ဖြစ်ရာ ၆၂ ရင်းဂစ် (၁.၃၈%) ခန့်ကျဆင်းခဲ့ကြောင်း၊ ယခင်အပတ်ကျဆင်းမှုသည် ၀.၇၈ % ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း စားအုန်းဆီရောင်းချမှုဖိအားများနှင့် ရင်ဆိုင်လျက်ရှိပြီး တင်ပို့မှုငြိမ်သက်လျက်ရှိကြောင်း သိရှိရပါ သည်။
စားအုန်းဆီအဓိကဝယ်ယူသည့်နိုင်ငံများ(တရုတ်၊ အိန္ဒိယ) က စားအုန်းဆီဈေးနှုန်းအပေါ် ချင့်ချိန်ဝယ်ယူမှုလုပ်ဆောင်လျက်ရှိကြောင်း၊ အခြားနိုင်ငံများကလည်း ကမ္ဘာ့ဟင်းသီးဟင်းရွက် ဆီဈေးနှုန်းအတက်အကျဖြစ်ပေါ်ခြင်း၊ စီးပွားရေးအရမသေချာမှု ဖြစ်ပေါ်ခြင်းတို့အပေါ် စိုးရိမ်မှု များရှိလာခြင်းကြောင့် ချင့်ချိန်ဝယ်ယူတင်သွင်းမှုလုပ်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီကာလ များအတွင်း ကြုံတွေ့ခဲ့ရသည့်ဆုံးရှုံးမှုများကို ပြန်လည်ကာမိစေရန် အကန့်အသတ် ဖြစ်စေလျက် ရှိကြောင်း သုတေသီများက မှတ်ချက်ပြုပြောကြားခဲ့သည်။
တရုတ် Dalian ကုန်စည်ဒိုင်က ဟင်းသီးဟင်းရွက်ဆီဈေးကွက်အတွင်း ဖြစ်ပေါ်သော ကြိုပွိုင့်ဈေးနှုန်းများကို အမျိုးမျိုးဖော်ပြထားကြောင်း၊ ပဲပုပ်ဆီဈေးနှုူန်းသည် များစွာ ပြောင်းလဲမှု မရှိဘဲ တစ်တန်လျှင် တရုတ်ယွမ် ၈၅၄၇ (အမေရိကန်ဒေါ်လာ ၁၂၅၅ ခန့်) နှင့် စားအုန်းဆီ ဈေးနှုန်းသည် ၀.၉၆% ကျဆင်းကြောင်း သိရှိရသည်။ အမေရိကန် Chicago ကုန်သွယ်ရေးအဖွဲ့၏ ပဲပုပ်ဆီကြိုပွိုင့်ဈေးနှုန်းသည် ၀.၅၂% ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
စားအုန်းဆီဈေးနှုန်းများသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီကဏ္ဍတွင် ဈေးကွက်ဝေစုရရှိရေး အတွက် တိုက်ရိုက်ယှဉ်ပြိုင်လျက်ရှိခြင်းကြောင့် ပြိုင်ဘက်စားသုံးဆီ (ပဲပုပ်ဆီ)ဈေးနှုန်း အတက် အကျအပေါ် မှီခိုလျက်ရှိကြောင်း၊ ကုန်သည်များက ပဲပုပ်ဆီ၊ နေကြာဆီနှင့် ရေနံ ဈေးနှုန်းအတက် အကျအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အဆိုပါဆီဈေးနှုန်းပြောင်းလဲမှုများက စားအုန်း ဆီဝယ်လိုအားနှင့် ဈေးနှုန်းအပေါ် လွှမ်းမိုးလျက်ရှိသည်။
ရေနံဈေးနှုန်းများသည် သုံးပတ်ဆက်တိုက် အတက်အကျဖြစ်ပေါ်မှုပြီးဆုံးခဲ့ပြီးနောက် ဈေးကွက်ကို ဖိအားများရှိလာနေကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက အရှေ့အလယ်ပိုင်းပဋိပက္ခ အပစ် အခတ်ရပ်စဲရေးအခြေအနေနှင့် အမေရိကန်သမ္မတ Donald Trump ၏ တရုတ်ခရီးစဉ်အခြေ အနေတို့ကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ ပထဝီနိုင်ငံရေး အခင်းအကျင်းတွင် မသေချာ မရေရာမှုရှိခြင်းနှင့် ကမ္ဘာ့ကုန်သွယ်မှုဆက်ဆံရေးအခြေအနေများက ကုန်စည်ဈေးနှုန်းအတက် အကျကို ပိုမိုကျယ်ပြန့်လာစေလျက်ရှိသည်။
ရေနံဈေးနှုန်းကျဆင်းလာမှုက စားအုန်းဆီကို ဇီဝဒီဇယ်ဆီထုတ်လုပ်ရန် ဆွဲဆောင်မှု လျော့ကျစေပြီး စက်မှုကဏ္ဍသုံးအတွက် ဝယ်လိုအားကိုပါ အားလျော့စေလျက်ရှိသည်။ ဇီဝ ဒီဇယ် ဆီထုတ်လုပ်သူများအနေဖြင့် စွမ်းအင်ဈေးကွက်အလာအလာအပေါ်မူတည်၍ ဝယ်ယူ ရေးဗျူဟာ များကို ထိန်းညှိဆောင်ရွက်ကြကြောင်း၊ ရေနံဈေးနှုန်းများလျော့ကျလာမှုက ဟင်းသီးဟင်းရွက်ဆီ မှ ရရှိသည့် ဇီဝဒီဇယ်ဆီထုတ်လုပ်ခြင်းအတွက် မက်လုံးများကို လျော့ကျစေ လျက်ရှိသည်။
ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုအချက်အလက်များအရ ဥရောပ၏စားအုန်းဆီနှင့် ပဲပုပ်ဆီ တင်သွင်းမှုသည် ဇူလိုင်လတွင် ပိုမိုအားလျော့မှုဖြစ်လာနိုင်ကြောင်း ဖော်ပြချက်သည်လည်း နောက်ထပ်အကြောင်းအရာ တစ်ခုဖြစ်နေကြောင်း၊ ဥရောပကော်မရှင်က ထုတ်ပြန် ချက်များအရ ဥရောပ၏ ပဲပုပ်တင်သွင်းမှုအနေဖြင့် မေလ ၁၀ ရက်တွင် တန်ချိန် ၁၁.၂၃ သန်းခန့်ဖြစ်ရာ ယခင်နှစ် တင်သွင်းမှုနှင့်ကာလတူနှိုင်းယှဉ်ပါက ၉% ခန့် ကျဆင်းသွားကြောင်း၊ ဥရောပနိုင်ငံများသို့ စားအုန်း ဆီတင်သွင်းမှုသည် တန်ချိန် ၂.၄၇ သန်းဖြစ်ရာ တစ်နှစ်ထက်တစ်နှစ် ၄% ခန့် တင်သွင်းမှု ကျဆင်း လာကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ရင်းဂစ်ငွေကြေးဈေးနှုန်းက အမေရိကန်ဒေါ်လာထက် ၀.၁၈% ခန့် အားကောင်း လာမှုက အခြားငွေကြေးကို အသုံးပြုဝယ်ယူတင်သွင်းရသည့် ဝယ်လက်များအနေဖြင့် စားအုန်းဆီ ကို ဈေးကြီးစွာ ဝယ်ယူကြရပြီး ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းအားနှင့် ဝယ်လိုအားကို လျော့ကျစေသည်။ အချုပ်အားဖြင့် စားအုန်းဆီဈေးနှုန်းဈေးကွက်သည် ကမ္ဘာ့ဝယ်လိုအားလျော့ကျမှု၊ ပြိုင်ဘက် စားသုံးဆီ (ပဲပုပ်ဆီ) ဈေးနှုန်းပိုမိုအားလျော့လာမှု၊ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ငွေလဲလှယ်နှုန်း အပြောင်းအလဲတို့အပေါ်မူတည်လျက်ရှိရာ စားအုန်းဆီကုန်သည်များကလည်း ပို့ကုန်အချက် အလက်များ၊ ပထဝီနိုင်ငံရေးအခြေအနေများနှင့် ပိုမိုကျယ်ပြန့်လာသည့် ဈေးကွက်အလားအလာ၊ ဈေးနှုန်းအတက်အကျတို့ကို ဆက်လက်စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း Chem Analyst သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။
Source: Chem Analyst, 14 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
