Main menu

မုန့်နှင့်အချိုရည်မျိုးစုံဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

      အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် မေလ ၁၉ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကျန်းမာရေးဦးစီးဌာန စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော  ပူးပေါင်းအဖွဲ့နှင့်အတူ မြို့နယ်အတွင်းရှိ စတိုးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် ရောင်းချလျက်ရှိသော မုန့်မျိုးစုံနှင့် အချိုရည်များတွင် စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်များကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ထုတ်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှု ရှိ/မရှိအား အဓိကစစ်ဆေးပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား ရှင်းလင်းပြောကြား အသိပညာပေးခဲ့ပါသည်။

DOCA(ပဲခူး)