Main menu

ချောက်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၁၈.၅.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည့် အနောက်တိုင်းဆေးများ ရောနှောပါဝင်ပြီး စံမညီသည့် တိုင်းရင်းဆေးဝါးများရောနှောမှုရှိ/မရှိကို ချောက်မြို့အတွင်းရှိ ဆေးဝါးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဆေးဆိုင်ကြီး (၆)ဆိုင်သို့ သွားရောက်၍ ဆရာဝန်ညွှန်ကြားချက်မလိုအပ်‌သော သောက်ဆေးအမျိုးမျိုးအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိနှင့် ရက်လွန်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးချက်ရ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၌ ပါရှိသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိခြင်း မရှိသော အိမ်သုံးသောက်ဆေးအမျိုးမျိုးနှင့် ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးနှိုးဆော်ထားသည့် အနောက်တိုင်းဆေးများ ရောနှောပါဝင်ပြီး စံမညီသည့် တိုင်းရင်း ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း တွေ့ရှိပါက ဖျက်ဆီးသိမ်း ဆည်းခြင်းနှင့် နောက်နောင်ရောင်းချခြင်းမပြုလုပ်ပါရန် သတိပေးတားမြစ်ခြင်း၊ စားသုံးသူကာကွယ် ရေးဥပဒေနှင့်ညီညွတ်စွာရောင်းချခြင်းမပြုလုပ်ပါက ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေး နွေးခြင်း စသည်ကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)