
မြန်မာနိုင်ငံ၏ တောင်ဘက်ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော မြိတ်မြို့သည် ပင်လယ်စာ မျိုးစုံ ပေါများကြွယ်ဝသည့် ဒေသတစ်ခုအဖြစ် လူသိများလှပါသည်။ ငါး၊ ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ခရု တို့အပြင် ဒေသခံများအကြား လူကြိုက်များသည့် “ပကန်း” ဟုခေါ်သော ပင်လယ်စာတစ်မျိုး လည်း စျေးကွက်တွင် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်းသိရှိရသည်။ ပကန်းသည် အများအား ဖြင့် ပင်လယ်ရေတိမ်ပိုင်းနှင့် ကျောက်ဆောင်အနီးနေထိုင်သော ပင်လယ်သတ္တဝါတစ်မျိုးဖြစ်ပြီး အသား မှာ နူးညံ့ပြီးချိုမြသောအရသာရှိသောကြောင့် ပင်လယ်စာကြိုက်သူများအကြားလူကြိုက်များကြောင်း သိရှိရသည်။
ပကန်း ထွက်ရှိမှုမှာ ရာသီဥတုနှင့် ပင်လယ်ထွက်နှုန်းပေါ်မူတည်၍ စျေးနှုန်းများအတက်အကျ ရှိနိုင်ပြီး မိုးရာသီတွင် ဖမ်းဆီးရရှိမှုနည်းသဖြင့် စျေးပိုမြင့်တက်တတ်ကြောင်းသိရှိသည်။ လက်ရှိ မြိတ် ဒေသရှိ ပင်လယ်စာစျေးကွက်များတွင် ပကန်းစျေးနှုန်းများမှာ အရွယ်အစားနှင့် အရည်အသွေးအ လိုက်၍ ရောင်းချသည့် စျေးနှုန်းကွာခြားလျက်ရှိသည်။ ဒေသခံရောင်းချသူများ၏ ပြောကြားချက်များ အရ အကြီးဆိုက် ၁ ကီလိုလျှင် ကျပ် ၁၅,၀၀၀ ခန့်၊ အလတ်ဆိုက် ၁ ကီလိုလျှင် ကျပ် ၁၂,၀၀၀ ခန့်၊ အသေးဆိုက် ၁ ကီလိုလျှင် ကျပ် ၆,၀၀၀ မှ ၈,၀၀၀ ခန့်နှင့် ၂ ကီလိုနှင့်အထက်ဝယ်ယူပါက အိမ်အ ရောက် ပို့ဆောင်ခ အခမဲ့ပေးသည့် စနစ်များဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြိတ်ဒေသထွက် ပကန်းသည် ယနေ့ခေတ် ပင်လယ်စာစျေးကွက်တွင် လူကြိုက်များလာသည့် ပင်လယ်စာတစ်မျိုးဖြစ်ပြီး စျေးနှုန်းကောင်းမွန်မှုနှင့် ဝယ်လိုအားမြင့်တက်မှုတို့ကြောင့် ဒေသခံလုပ် ငန်းရှင်များနှင့် ငါးဖမ်းသမားများအတွက် အရေးပါသည့် ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်လာလျက်ရှိ ကြောင်းသိရှိရသည်။ ဒေသအတွင်းစျေးနှုန်းကောင်းမွန်မှုနှင့်အတူ အွန်လိုင်းစျေးကွက် ဖွံ့ဖြိုးလာခြင်း ကြောင့် ပကန်း၏ စျေးကွက်အလားအလာမှာ ဆက်လက်ကောင်းမွန်လာနိုင်ကြောင်း ခန့်မှန်းသိရှိရ ပါသည်။
DOCA(တနင်္သာရီ)
