ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁)ရက် ၊ နေ့လည်(၀၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်ဆီကိုယ်စားလှယ် ဦးအောင်ခိုင်ဝင်းဆိုင်သို့ ဆီခွဲတမ်းရရှိမှုအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဖျာပုံခရိုင်မှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စက်မှုလုပ်ငန်းသုံးများ အတွက်ခွဲဝေရရှိသော ဆီပေပါများသည်သတ်မှတ်ထားသော ဆီပေပါများဖြင့် ထည့်သွင်းသယ်ဆောင်မှု ရှိ/မရှိ၊ စားအုန်းဆီပေပါလုံးရေ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊ လက်လီဆိုင်များသို့ ဖြန့်ခွဲမည့်ပေပါလုံးရေ စာရင်းများကိုက်ညီမှုရှိ/မရှိ၊ဆီပေပါများပေါက်ပြဲယိုစိမ့်မှုများရှိ/မရှိ တို့ကိုစိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စားအုန်းဆီများကို လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသော အလုပ်ရုံ/ စက်ရုံများသို့ စနစ်တကျ ဖြန့်ခွဲပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများတွင် အမှန်တကယ် အသုံးပြုမှု ရှိ/မရှိ ကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဟု ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
