
ဆန်စပါးသိုလှောင်မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု အောက်တွင် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်အားလုံး MyRo တွင် မှတ်ပုံတင်ရပြီး လစဉ်လက်ကျန်များကို တရားဝင် တင်သွင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက် လျက်ရှိပါသည်။
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး ဆန်လက်ကျန်စာရင်းများကို လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေးအခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူ ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် မေလ (၃၁) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၂၂၉၅၂၁၆ တင်း၊ ဆန်အနေဖြင့် ၂၁၀၀ အိတ်၊ ကုန်သည် စပါးတင်း ၃၁၂၈၀၀ တင်း၊ ဆန်အနေဖြင့် ၁၁၀၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် ၁၃၉၈၂၀၂ တင်း၊ ဆန်အနေဖြင့် ၄၉၁၇၆၂ အိတ်၊ ဆန်ဆိုင်များမှ ၄၅၀၀ အိတ်၊ စုစုပေါင်း စပါးတင်း ၄၀၀၆၂၁၈ ၊ ဆန် ၄၉၉၄၆၂ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ် နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
