
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် နှစ်ရှည်သီးပင်စားပင်များ စိုက် ပျိုးထားလျက်ရှိရာ ကွမ်းသီးပင်များလည်းစိုက်ပျိုးထားပါသည်။ ကွမ်းသီးပင်များမှ ကွမ်းသီး များကို ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့များမှ အဝယ်ဒိုင်ကြီးများကဝယ်ယူကာ ကွမ်းသီး ခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ် နှင့်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ထို့အပြင် ၎င်းတို့မှတစ်ဆင့် ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။
၂၀၂၆ ခုနှစ်၊ မေလအတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၄၇၀၇၄၀)ပိဿာ တန်အားဖြင့်(၂၄၀၁.၆၃၉)ရှိပြီး၊ မြိတ်ခရိုင်မှ (၇၂၃၈၉၀၀) ပိဿာ တန်အားဖြင့်(၁၁၈၂၀.၇၃၅)ရှိပြီး၊ ကော့သောင်းခရိုင်မှ (၅၉၃၀၀)ပိဿာ တန်အားဖြင့် (၉၆.၈၃၄)နှင့် ဘုတ်ပြင်းခရိုင်မှ (၇၅၇၀၅၀) ပိဿာ တန်အားဖြင့်(၁၂၃၆.၂၂၂)ရှိကြောင်း သိရပါသည်။ ယခုတစ်ပတ်အတွင်း ကွမ်းသီးခြောက် အခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ရှိပြီး တောင်သူများတွက်ချေ ကိုက်လျက်ရှိ ကြောင်းသိရပါသည်။
DOCA(တနင်္သာရီ)
