Main menu

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၅-၆-၂၀၂၆ရက်နေ့တွင် မိုးညှင်းမြို့ရှိ စားသုံးသူ (၅၅) ဦး တို့အား အုတ်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)ကအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊စားသုံးသူအခွင့်အရေးနှင့် တာဝန် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက်ရန်၊ ကုန်သွယ်ရေး ဦးစီးဌာန၏ eComReg System ၏ Report နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် တက်ရောက်လာသော စားသုံးသူ များအား 1535 Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)