
၂၀၂၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့၊ နံနက်(၀၉း၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ၏ စျေးနှုန်းအခြေအနေများ၊ လက်ကျန်အခြေအနေများ၊ ဆေးဝါးများ ပြတ်လပ်မှုများ ရှိ/မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များမပါရှိသော တရားမဝင်ဆေးဝါးများရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
