
၁၂.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ ကျောင်းသစ်ရပ်ရှိ “ဟင်္သာမင်း” အမှတ်တံဆိပ် ကြက်ဥခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ဈေးကွက် မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် “ဟင်္သာမင်း” ကြက်ဥခေါက်ဆွဲထုပ်များပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များကို မြန်မာဘာသာ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်တွဲလျက် ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA (မွန်)
