Main menu

ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပခြင်း

Powered by Drupal

          (..၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)သည် သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး )က  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍  မြေပြင်ကွင်းဆင်းစစ်‌ဆေးရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အ‌ရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များနှင့် သက်ဆိုင်ရာအစိုးရဌာများက ဖော်ပြရန်သတ်မှတ်ထားသော သတင်းအချက်အလက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး၍  အသိပညာ ပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)