
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ Aeon Orange Supermarket ဆိုင်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိအား ဇွန်လ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် Aeon Orange Supermarket မှ ဆိုင်မန်နေဂျာနှင့် တွေ့ဆုံ၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်သည် စားသုံးသူပြည်သူများ အလွယ် တကူဝယ်ယူစားသုံးသည့် အစားအစာဖြစ်သည့်အတွက် ခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် စာလုံးအရွယ်အစားဖြင့် ရေးသားဖော်ပြပေးကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး Aeon Orange Supermarket ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
