
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်အလှကုန်ပစ္စည်း အရောင်းဆိုင်(၁၀) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် ရောင်းချလျက်ရှိသော လက်ဖက်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကြက်အူချောင်း၊ ဝက်အူချောင်း စားသောက်ကုန်များတွင် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း (Formalin) အသုံးပြုထားခြင်း ရှိ/မရှိ နမူနာကောက်ယူပြီး စစ်ဆေးခဲ့ရာ အဆိုပါ စားသောက်ကုန်ပစ္စည်းများသည် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း (Formalin) အသုံးပြုထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူမျာက ကုန်အညွှန်းအမှတ်အသား၊ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ရွေးချယ်ဝယ်ယူရောင်းချရန်၊ ဓါတုဆိုးဆေးလွန်ကဲစွာ အသုံးပြု ထားသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော အရည်အသွေးနိမ့်ကုန်စ္စည်းများ ဝယ်ယူရောင်းချခြင်းမပြုရေး သတိထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
