Main menu

ဖိလစ်ပိုင်နိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံသို့ သရက်သီးများ တင်ပို့

Powered by Drupal

         ဖိလစ်ပိုင်နိုင်ငံသည် ဥရောပ၏ အဆင့်မြင့်အပူပိုင်းဒေသသစ်သီးဝလံဈေးကွက်သို့ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ၎င်း၏ နာမည်ကျော် ဂီမာရပ်စ် (Guimaras) သရက်သီးများကို စမ်းသပ်တင်ပို့မှုတစ်ခုအဖြစ် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရပါသည်။ အပင်စိုက်ပျိုးရေးလုပ်ငန်းဦးစီးဌာန (Bureau of Plant Industry) ၏ ပြောကြားချက်အရ ကနဦးပေးပို့မှုတွင် ဂျော်ဒန်မြို့၊ ဂီမာရပ်စ်ရှိ PhilGAP (ဖိလစ်ပိုင် နိုင်ငံကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထ) အသိအမှတ်ပြုလက်မှတ်ရ Wonders ခြံမှ လတ်ဆတ်သော သရက်သီး ကီလိုဂရမ် ၁၀၀ ပါဝင်ကြောင်း သိရပါသည်။

          တာဝန်ရှိသူများက ဘယ်လ်ဂျီယံမြို့တော်ကို ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ရှိ အလားအလာရှိသော ဝယ်ယူသူများနှင့် စားသုံးသူများထံသို့ ရောက်ရှိနိုင်မည့် တံခါးပေါက်တစ်ခုအဖြစ် ရည်ရွယ်ထားကြကြောင်း သိရပါသည်။ ကနဦးတင်ပို့သည့်ပမာဏမှာ နည်းပါးသော်လည်း စိုက်ပျိုးရေးတာဝန်ရှိသူများက အဆိုပါအစီအစဉ်ကို စားသုံးသူဝယ်လိုအားကို တိုင်းတာရန်နှင့် ပရီမီယံအဆင့်မြင့်သစ်သီးများကို ရှာဖွေနေသည့် ဥရောပသွင်းကုန် လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ရန်အတွက် မဟာဗျူဟာမြောက် ဈေးကွက်စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ကြကြောင်း သိရပါသည်။

          အဆိုပါစီမံကိန်းသည် ပို့ကုန်ဦးတည်ရာနိုင်ငံများကိုBackground စုံလင်အောင်လုပ်ဆောင်ရန်၊ မိရိုးဖလာဈေးကွက်များအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ပြည်တွင်းလယ်သမားများအတွက် ပိုမိုမြင့်မားသော အကျိုးအမြတ်များရရှိစေရန်ဟူသော စိုက်ပျိုးရေးဝန်ကြီးဌာန၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာနှင့် ကိုက်ညီမှုရှိကြောင်း သိရပါသည်။ အဆိုပါ ကုန်ပစ္စည်းတင်ပို့မှုက PhilGAP ကဲ့သို့သော ပြည်တွင်းအသိအမှတ်ပြုလက်မှတ်များသည် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် ဥရောပသမဂ္ဂ (EU) စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက တောင်းဆိုထားသည့် တင်းကျပ်သော အစားအစာဘေးကင်းလုံခြုံမှု၊ အရည်အသွေးနှင့် နောက်ကြောင်းခံ လိုက်လံစစ်ဆေးနိုင်မှုဆိုင်ရာ စံနှုန်းများကို ပြည့်မီအောင် အထောက်အပံ့ပေးလျက်ရှိကြောင်း သိရပါသည်။ ဂီမာရပ်စ်သရက်သီးများသည် ကမ္ဘာပေါ်တွင် အချိုဆုံးသရက်သီးများအဖြစ် ကျော်ကြားမှုရှိကြောင်းနှင့် အဆိုပါ သရက်သီးအမျိုးအစားများသည် လူသုံးကုန်ဇိမ်ခံ စိုက်ပျိုးရေး ကုန်သွယ်မှုအတွက် အသင့်တော်ဆုံး သီးနှံတစ်ခုဖြစ်လာကြောင်း သိရပါသည်။

Source: Manila Standard                                                           

DOCA (ရန်ကုန်)