Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ဆောင်းမြေပဲစိုက်ပျိုးထားရှိမှု အခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံများ၊  ဆီထွက် သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးထားသည့်အနက် ဆောင်းမြေပဲကိုလည်း စိုက်ပျိုးထားကြောင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မုံရွာခရိုင်၌ ဆောင်းမြေပဲ စိုက်ဧက ၄၃၈၇၈ ဧကခန့် စိုက်ပျိုး ထားကြောင်း သိရသည်။

         ဆောင်းမြေပဲကို အောက်တိုဘာနှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် လှိုင်လှိုင်ထွက်ပေါ် လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆန်အဖြူမျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုးထုတ်လုပ် မှုကုန်ကျစရိတ်အနေဖြင့်  မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊   သွင်းအားစုများ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၉၂၃၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်တင်း ၆၅ တင်း ခန့် ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၄၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆောင်းမြေပဲများကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေး‌ကောင်းရရှိသော ကြောင့် တောင်သူများ အကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)