
( ၁၈.၆.၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ် မြေအတွင်းရှိ ကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင် ( ၃ ) ဆိုင်နှင့် ဈေးကွက်မရောက်မီ စက်ရုံ/ အလုပ်ရုံ ( ၄ ) ရုံသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးစီးအရာရှိက ကုန်အညွှန်းအမှတ်သားများကို မြန်မာဘာသာဖြင့်ဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအတိုင်း ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့် မပြည့်စုံသည့် ကုန်စည်များတွေ့ရှိ၍ လိုအပ်သည့် အချက်များကို ထပ်မံဖြည့်စွတ်၍ ရောင်းချရန်နှင့် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိ/ မရှိ ကို မိမိတို့ဌာနတွင် အခမဲ့ လာရောက်လျှောက်ထားနိုင်ကြောင်း လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
