Main menu

ကန့်ဘလူမြို့နယ် မြို့မဈေးကြီးတွင် ရက်သတ္တပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများသည် ယခုရက်သတ္တပတ်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသုံးသူပြည်သူများ နေ့စဉ်လိုအပ်ချက်အရ ဝယ်ယူစားသုံးမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော နေ့စဉ်သုံး အခြေခံစားသောက်ကုန် () မျိုး၏ ဇွန်လ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ဧရာမင်းဆန်()ပြည်လျှင် ၄၈၀၀ ကျပ်၊ စားအုန် ဆီတစ်ပိဿာလျှင် ၉၇၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင်  ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာ လျှင် ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင်  ၂၂၅၀၀ ကျပ်နှင့် ကုလားပဲခြမ်းတစ်ပြည်လျှင် ၉၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းအတက်အကျဖြစ်ရခြင်းနှင့် ပတ်သက်၍ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆန်နှင့် ငရုတ်သီးခြောက်ကဲ့သို့သော ကုန်ခြောက်များမှာ ပစ္စည်းအဝင်ပုံမှန်ရှိသည့်အတွက် ဈေးနှုန်းတည်ငြိမ်နေကြောင်း ပြောကြားသည်။ ကြက်သွန်နီကတော့ အဝင်နည်းပြီး အဝယ်လိုက်လာလို့ ၅၀၀ ကျပ်လောက် တက်သွားတာတွေ့ရတယ်" ဟု ၎င်းက ဆိုသည်။

          ကြက်သား(CP) မှာ ဒေသတွင်းမွေးမြူရေးခြံများမှ ပုံမှန်ထွက်ရှိနေသဖြင့် ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာကြောင်းနှင့် အခြေခံစားသောက်ကုန်အများစုမှာ ရာသီဥတုနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခြေအနေများအပေါ် မူတည်၍ သိသာထင်ရှားသည့် ဈေးနှုန်းအတက်အကျမရှိဘဲ ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)