Main menu

တောင်ငူမြို့တွင်ကျောင်းဖွင့်ရာသီ ရောက်ရှိလာသဖြင့် စက်ဘီးများဈေးကွက်အတွင်းအရောင်းသွက်လာ

Powered by Drupal

               ကျောင်းဖွင့်ရာသီသို့ ရောက်ရှိလာခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများ သွားလာရေး အတွက်အသုံးပြုရန် စက်ဘီးများ အရောင်းသွက်နေကြောင်း သိရှိရသည်။ ယခုနှစ် ကျောင်းဖွင့်ရာသီတွင် မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးများကျောင်းသွား/ကျောင်းပြန်အဆင်ပြေစေရန် စက်ဘီးများကို ပိုမိုရွေးချယ်ဝယ်ယူကြသည်။ စက်ဘီးများကို မေလဆန်းပိုင်းကတည်းက စက်ဘီး လာမေးသူများနှင့် ဝယ်သူများ အတော်များလာသည်။ အလယ်တန်းကျောင်သား/သူ၊ အထက်တန်း ကျောင်းသူ/သားမိဘများ အများဆုံးဝယ်ပေးကြသည်။

              အဓိကရွေးချယ်ဝယ်ယူနေကြသော စက်ဘီအမျိုးအစားများမှာ ဂျပန်တစ်ပတ်ရစ်(Second-hand) စက်ဘီးသည် တာရှည်ခံမှုနှင့် ဈေးနှုန်းမျှတမှုကြောင့် အရောင်းရဆုံးဖြစ်သည်။ တရုတ်နှင့်ထိုင်ဝမ် ထုတ် စက်ဘီးအသစ်များသည် ဒီဇိုင်းကာလဆန်းသစ်မှုနှင့် ခေတ်မီမှုတို့ကြောင့်လည်း လူငယ်များအကြား ရေပန်းစားကြိုက်နှစ်သက်သည့်အတွက်လည်း ရောင်းအားကောင်းသည်။ စက်ဘီအရည်အသွေးနှင့် အမျိုး အစားအပေါ် မူတည်၍ ပျှမ်းမျှအားဖြင့် ငွေကျပ် ၃သိန်းဝန်းကျင်မှ စတင်ကာ၁၂သိန်းကျော်အထိ အမျိုးမျိုး ရှိကြောင်း၊ စက်ဘီးသည် ကျောင်းသွား ကျောင်းပြန်အတွက် သွားလာရေးစရိတ်ကို သက်သာစေရုံသာမက ကိုယ်လက်လှုပ်ရှားမှုဖြစ်စေပြီး ကျန်းမာရေးနှင့်လည်းညီညွတ်သည်။

DOCA(ပဲခူး)