
စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၁၇ ) ရက်၊ နေ့လယ် ( ၀၉:၀၀ ) နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ MSME ထုတ်ကုန်ဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော KNC အမှတ်တံဆိပ်မုန့်ဖုန်လုပ်ငန်းနှင့် MT Donuts မုန့်ဖုတ်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် KNC အမှတ်တံဆိပ်မုန့်ဖုန်လုပ်ငန်းနှင့် MT Donuts မုန့်ဖုတ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ် သည် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြ ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
