Main menu

“ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော”

Powered by Drupal

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် (၁၅.၆.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် မြို့နယ်ကျောင်း ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ လားရှိုးမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူ(၁၇၃) ဦးတို့အားစားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်းသည့်အသိပညာပေးဟောပြောပွဲအားဆောင်ရွက်ခဲ့ပါ သည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အခြေအနေများအားအသိပညာပေးဟော ပြောခဲ့ကြောင်းသိရှိရပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင် ပြဌာန်းထား သော စားသုံးသူတို့၏အခွင့်အရေးများနှင့် တာဝန်များအား ဥပမာ၊ သာဓကများနှင့် ရှင်းလင်းဟော ပြောခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လည်းကျောင်းသား/သူများဗဟုသုတ ကြွယ်ဝစေရန် ထည့်သွင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်မိတ်ဖက်ဌာနများဖြစ်သော မြို့နယ် ကျောင်းကျန်းမာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့သည် ကျောင်းမုန့်ဈေးတန်း တွင်ရောင်းချနေသောမုန့်များ၌ မြန်မာစာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်း ရှိ/မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအသောက်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)