
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁၉.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ အောင်ဆန်းလမ်းမကြီးရှိ ထ.ခွဲ.လ (၁) နေရှင်နယ်ကျောင်းမုန့်ဈေးတန်းအား ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကုန်စည်များနှင့် ပတ်သတ်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောတားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံး ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသားကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီးဈေးရောင်းသူများသည် ဥပဒေပါပြဌာန်းချက် များသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
