
(၂၀.၆.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကျောင်းစုကျေးရွာရှိ ထက်ထက်(ဇီးတော်ဖီ)လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ သွားရောက်စိစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များ (MSME) ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်နိုင်စေရေးအတွက် ဒေသထုတ်ကုန်လုပ်ငန်းများ ကုန်အညွှန်အမှတ်အသားပြည်စုံမှု ရှိ/မရှိ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲများ ဖော်ပြထားခြင်း ရှိ/ မရှိအား အထူးစီမံချက်အနေဖြင့် အထက်ဌာနလမ်းညွှန်ချက်နှင့် အညီ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင့်ဖြစ်၍ ထက်ထက်(ဇီးတော်ဖီ) လုပ်ငန်းအား စစ်ဆေးဆောင် ရွက်ခဲ့ရာ သတ်မှတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းကို စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
