
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အထက(၁၃)၊အထကခွဲ(၂)နှ င့် အထက(၃)ရှိ ကျောင်းမုန့်စျေးတန်းများသို့ သွားရောက်၍ ၁၁.၆.၂၀၂၆ ရက်နေ့နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ကျန်းမာရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မဟာအောင်မြေမြို့နယ်ပညာရေးမှူးရုံး တို့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ယဉ်ယဉ်ရွှေ၊ ဦးစီးအရာရှိတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ကုန်စည်အဖြစ် အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချသူ များ အား ကုန်ပစ္စည်းအမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြသည့် စားသောက်ကုန် များအားရောင်းချရန်၊ ကျန်းမာရေးနှင့်ညီညွှတ် သည့်စားသောက်ကုန်များကိုသာရောင်းချရန်နှင့် အစားအသောက်များအား ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့်အချက်များအညီ ရောင်းချရန်နှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
