
၂၀၂၆ ခုနှစ်၊ ဇွန်လ( ၂၃ )ရက်နေ့၊ နေ့လယ် ( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်း၌ လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းများ လက်လီ/လက္ကား ရောင်းချနေသော လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ရာ မိတ်ဖက်ဌာနဆိုင်ရာဝန်ထမ်း( ၄ )ဦးနှင့် လုပ်ငန်းရှင် ( ၂၀ )ဦး တက်ရောက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး( ပြည်နယ်ဦးစီးမှုး ) က စားသောက်ကုန် ပစ္စည်းများ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ဖြန့်ဖြူးရောင်းချသော စားသောက်ကုန် များအား စားသုံးသူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ် ထားသော အချက်အလက်များထည့်သွင်းသွားရန်လိုအပ်ပါကြောင်း၊ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာသော စားသောက်ကုန်ပစ္စည်းများ မရောင်းချကြရန်လိုအပ်ပါကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသောက်ကုန်ပစ္စည်းများ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချနေ သော လုပ်ငန်းရှင်များမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ ပြီး တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ် ( ၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
