Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပုရာသီးဈေးနှုန်းတက်

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပုရာသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်းသွက်နေကြောင်း သိရှိရပါသည်။ သံပုရာသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ပိုမိုထွက်ရှိကြောင်း လည်းသိရှိရပါသည်။ သံပုရာသီးများကို သံပုရာဖျော်ရည်၊ သံပုရာယို၊ အသုပ်မျိုးစုံနှင့် သရေစာ တို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့်ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပုရာသီး ကိုသုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါသည်။  သံပုရာသီးကို အစေ့ချစိုက်ပျိုးနိုင်သလို ဒေသတွင်းစီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ သံပုရာသီးသည်ချဥ်သောအရသာရှိပြီး သံပုရာသီးဖျော် ရည်၊သံပုရာသီးပေါင်း၊အသုပ်နှင့် အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတို့တွင် အအီပြေစေရန် သံပုရာရည် ကိုအသုံးပြုပါသည်။ သံပုရာသီးသည် ဗီတာမင်စီကြွယ်ဝပြီး ရောဂါပိုးဝင်ရောက်ကူးစက်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါသည်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးသည့်အပြင် citric အက်စစ်ပါဝင်သောကြောင့် ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးပါသည်။ ခေါင်းမူး ဝေခြင်းနှင့် သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေး ပါသည်။

          ၂၀၂၆ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော သံပုရာသီး ဈေးနှုန်းမှာ အငယ်တစ်လုံးလျှင် (၂၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၂၅၀)ကျပ်ခန့်ထိရှိပြီး အရင်လ ထက်ဈေးနှုန်းကျဆင်းကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)