
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်သဲသက်ပန်ဦး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းသည် (၂၂.၆.၂၀၂၆) ရက်နေ့၊ နံနက် ( ၁၀:၃၀) အချိန်တွင် စလင်းမြို့၊ ပေါင်းပင်ဇင်းရပ်ကွက်ရှိ “လှိုင်” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန စလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်သဲသက်ပန်ဦး (ဒု-ဦးစီးမှူး)သည် “လှိုင်” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းရှင်အား စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ အခန်း(၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ အရေအတွက်၊ထားသိုသိမ်း ဆည်းမှုအညွန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ(သို့မဟုတ်) အခြားဘာသာတစ်ခု ဖြင့်ဖြစ်စေ ဖော်ပြရန်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
