
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုတွင် ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကို ဆန်စက်များမှ ဝယ်ယူ၍ ရောင်းချနေပြီး ပြည်တွင်းစားသုံးပိုလျှံသော ဆန်များကို ရန်ကုန်သို့ ကုန်ထုတ်ပြေစာနှင့်အတူ တင်ပိုလျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင် အနေဖြင့် (၂၉.၆.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဆင်းသုခ)မိုး တစ် အိတ် ၈၇၀၀၀ကျပ်၊ ဧည့်မထဆန်(ဆင်းသုခ)နွေ တစ်အိတ် ၇၅၀၀ဝကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေး ဆန်တစ် အိတ် ၁၆၅၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၇၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၁၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခင်လဈေးဖြင့် နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(ဆင်းသုခ) မိုးတစ်အိတ် ၂၀၀၀ကျပ် ဈေး ကျဆင်း၍ ပေါ်ဆန်း တစ်အိတ် ၁၅၀၀ဝ ကျပ် ကျဆင်းပြီး၊ ဆန်များပုံမှန်ဝယ်လိုအား ကောင်းမွန်လျက်ရှိပါသည်။ ကျန် ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများတည်ငြိမ်လျက်ရှိပါသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကိုသာ ရောင်းချနေပြီး MRF မှ လစဉ်ထုတ်ပြန်ကြေငြာချက်အပေါ်တွင် အမြတ် ၂ ရာခိုင်နှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်းနှင့် မြို့နယ်တွင်း ပြည်သူများအတွက်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ဌာနဆိုင်ရာမျာမှ ပြည်သူများအား သက်သာသောဈေးဖြင့် ဆန်များကို ရောင်းချစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
