
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ၏ (၁/၂၀၂၆)ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက စားအုန်းဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး များက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို အစိုးရအသစ်ဖွဲ့စည်းပြီးနောက် ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် နေ့တွင် ပြင်ဆင်ဖွဲစည်းခဲ့ပြီး လုပ်ငန်းတာဝန်(၅)ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဖွဲ့၏ လုပ်ငန်းတာဝန်များကို အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွဲ့ဝင်များ၏ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထို့အပြင် စားအုန်းဆီဖြန့်ဖြူးမှုစစ်ဆေးရေးအဖွဲကိုလည်း စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးအား အဖွဲခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ထားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် အဖွဲ့ဝင် (၇)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေး အပ်ထားရှိပါကြောင်း၊ ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ကချင်ပြည်နယ်ရှိ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရေး သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေး၊ မသမာသောနည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများမရှိစေရေး အဖွဲ့ဝင်များ အနေဖြင့် ကြီးကြပ်သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်အမှာစကားပြေားကြားခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူးက စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးအကြံပြု တင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
