
ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ခြင်းအလို့ငှာ သိုလှောင်းထားခြင်း မရှိစေရေး နှင့် စားသုံးသူပြည်သူများ အနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ဆန်ဝယ်ယူစားသုံးနိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဆန် ကုန်သည် များ အသင်း တို့ပါဝင်သော အဖွဲ့သည် ၇-၇-၂၀၂၆ ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် ဘားအံမြို့ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဆန်အရောင်းဆိုင်များ၏ ဆန်ဝယ်ယူမှုအထောက်အထားပြေစာများ၊ ဒေသအရောက်အရင်းဈေးနှုန်းအပေါ် အမြတ်တင်ရောင်းချမှု ရာခိုင်နှုန်း ၊ နေ့စဉ်ဆန်ရောင်းချနိုင်မှု ဝယ်လိုအားနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို စစ်ဆေးခဲ့ကြသည်။ ဆန်ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် အရည်အသွေး၊ အချိန် အတွယ်၊ ဈေးနှုန်းမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိ ရသည်။
DOCA(ကရင်)
