Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း)ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်

Powered by Drupal

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး CCICCခန်းမတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)နှင့် တွေ့ဆုံ ၍ ထောပတ်သီးတင်ပို့မှု အခြေအနေများ၊ ဈေးနှုန်းဈေးကွက်များနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများ၌  တွေ့ဆုံဆွေနွေးပွဲကို ၂၀၂၆ ခုနှစ်၊ နေ့လည်(၁၄း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူမှ မြန်မာနိုင်ငံ ထောပတ်သီးများ နှစ်အလိုက်တင်ပို့မှု အလားအလာရှိသည့် ထိုင်း၊ တရုတ်နိုင်ငံ တင်သွင်းမှုနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေများအကြောင်းဆွေးနွေးပြီး  ရှမ်းပြည်နယ်(တောင်ပိုင်း)ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)ဥက္ကဌ ဦးထွန်းထွန်းဝင်းက မြန်မာနိုင်ငံထောပတ်သီး တင်ပို့မှုမှာ  မြန်မာနိုင်ငံထောပတ်သီးစံချိန်စံညွှန်းများအကြောင်း၊ ပြည်တွင်း၌ ထောပတ်သီးသည် သဘာဝအလျောက်  စိုက်ပျိုးထားသည့် ခြံစည်းရိုးပင်များမှ ထွက်ရှိခြင်းဖြစ်၍ အရည်အသွေးပိုင်းနှင့် အရွယ်အစားမျိုးစုံရှိပြီး၊  မြန်မာ့ထောပတ်သီးသည် ပြည်ပဈေးကွက်များကို ထိုးဖောက်အောင်မြင် နေသော်လည်း တရုတ်နိုင်ငံ၏ GACC ခွင့်ပြုထားသော သီးနှံစားရင်းတွင် မပါရှိသေးကြောင်း၊ မြန်မာ့ထောပတ်သီးကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ ပြည်ပနိုင်ငံများသို့ တင်ပို့ လျက်ရှိပြီး ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီးများကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တန်ချိန် ၁၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး အခြားထောပတ်သီးအမျိုးအစား တန်ချိန် ၁၀၀၀ ခန့်တင်ပို့ခဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ တောင်သူ အများပိုင်ကုမ္ပဏီ ထူထောင်ထားရှိပြီး ယခုရာသီတွင် ထိုင်းနှင့် တရုတ်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ရန်လျာထားသည့်အခြေအနေ၊ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး များအား အသင်းဝင်တောင်သူများထံသို့ အကျိုးတူပူးပေါင်း၍ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အတွင်းရေးမှူး ဦးကျော်စိုးမင်းမှ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်မှုအတွက် ဈေးကွက်ရရှိနိုင်မှု အရည်အသွေးကောင်းစံချိန်မှီအသီးများ ထုတ်လုပ်နိုင်ရန်လို အပ်ချက်များ၊ ယခု (၈)လပိုင်းတွင်  ထွက်ရှိ လာမည့်ထောပတ်သီးများကို အရည်အသွေးမှီသည့် ထောပတ်သီးကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ရရှိရန် GACC လက်မှတ်ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးခဲ့ကြပါသည်။

           ထို့နောက်ဆွေးနွေးပွဲ့သို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ထောပတ်သီး စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊  လုပ်ငန်းရှင်းစုစုပေါင်း (၅)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး၊ ပြည်ပနိုင်ငံ ဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရေးကို ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)