Main menu

ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများတင်ပို့နိုင်ရေး နည်းပညာပေးသင်တန်းဖွင့်လှစ်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတိူ့ ပူးပေါင်း စီစဉ်မှုဖြင့် ၁၀.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ အုန်းနှဲ စံပြကျေးရွာ ၊ ဇွဲလင်းအထွေထွေရောင်းဝယ်ရေးခန်းမ၌ EU သို့ Bean Sprouting တင်ပို့နိုင်ရေး အတွက် ( GAP/ GHP)နှင့် ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

           သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးမှ တက်ရောက်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန ၊ မြို့နယ်  စက်မှုလယ်ယာဦးစီးဌာန ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ် လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်နှင့် မြို့နယ် သမဝါယမ ဦးစီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများ ၊ စိုက်ပျိုးရေး သွင်းအားစုနှင့် လုပ်ငန်းရှင်များ ရောင်းဝယ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌတို့တက်ရောက်ခဲ့ကြပါသည်။ နည်းပညာပေး သင်တန်းကို ပဲတီစိမ်း စိုက်ဧက (၁၈၀၁) ဧကရှိသော ကဝမြို့နယ်ရှိ ကျေးရွာ (၁၄)ရွာ ၊ တောင်သူ (၁၀၅) ဦးတို့အား ( GAP/GHP) နှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ နည်းပညာပေးသင်တန်းပို့ချ ဆောင်ရွက်ခဲ့ကြောင်း ၊ မြန်မာပဲများကို ဥရောပ သမဂ္ဂနိုင်ငံများသို့ Bean Sprouting အတွက် ပဲခူးတိုင်း ဒေသကြီး ၊ ကဝမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်း ၊ သံလျှင် ၊ ခရမ်း ၊ သုံးခွ မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်းများကို နှစ်စဉ်တင်ပို့လျက်ရှိကြောင်း ၊  (GAP/GHP)နှင့် ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ နည်းပညာပေး သင်တန်းကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက် ရှိကြောင်း နှင့် ၂၀၁၅-၂၀၁၆ မှာ တောင်သူ (၁၆၅)ဦး ၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ တောင်သူ (၅၃၂)ဦး ၊ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ တောင်သူ (၄၃၆) ဦး ၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ တောင်သူ (၃၇၆)ဦး ၊ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ တောင်သူ (၃၀၉)ဦးဖြင့် နှစ်စဉ်သင်တန်းပို့ချဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)