
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းလုပ်ငန်းများအား မှတ်ပုံတင်ရယူရေး ဆောင်ရွက်စေရန်အတွက် အသိပညာပေးဟောပြောခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ နာရီအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် (၂)ဦးတို့အား မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချ ခြင်းလုပ်ငန်း၏အဓိပ္ပာယ်၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လျှောက်ထားမှုအတွက် သတ်မှတ်ချက် များအကြောင်း၊ မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အချက်အလက်များနှင့် မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ eComReg System ၏ Report နှင့်ပတ်သက် သည့် အသုံးပြုရန်နည်းလမ်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အွန်လိုင်းရောင်းချမှုကဏ္ဍများတွင် စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာခဲ့ပါက တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက် ပေးနေမှုအခြေအနေ၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများတွင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး “မိမိတို့ အွန်လိုင်းဆိုင်တွေကို ဘယ်မှာဘယ်လို မှတ်ပုံတင်ရမှာလဲ” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
