
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် (၁၀.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဆာကူရာ မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဥ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဥ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း များဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဥ်ခြင်း စသည့်အချက်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်အနေ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း၊ မုန့်များထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် လိုက်နာရမည် ကျင့်ဝတ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)
