
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ တို့ကို ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက် ၍ တရားဝင်သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်း ရှိ/မရှိ၊ ဆီကန်များအတွင်း စက်သုံးဆီ ရောက်ရှိမှုနှင့် လက်ကျန်အခြေအနေများ၊ အချိန်အတွယ် လီတာခွက် စံနှုန်းမှန်ကန်မှု ရှိ/မရှိ တို့ကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများအား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆီဈေးနှုန်းများကို စနစ်တကျ ပြသရောင်းချရန်၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
DOCA (စစ်ကိုင်း)
